You are on page 1of 15

မူလဘာသာပြန်သူ၏

နိဒါန်း
'လူ၏ ခန္ဓာကိုယ်မှာ ဇီဝဓာတ်၊စွမ်းအင်၊ဝိညာဏဓာတ်တို့
ပါဝင်ပေါင်းစပ်နေခြင်း''

ဖြစ်သည်ဟု တောက်ဝါဒီတို့၏ ကျမ်းက ဆိုလေသည်။ တောက်ဝါဒီတို့၏


ကျန်းမာရေး အတတ်တွင် ဇီဝဓာတ်၊ စွမ်းအင်၊ ဝိညာဏဓာတ်တို့ကိုဥစ္စာရတနာသုံးပါးဟူ၍
ခေါ်ဝေါ်သမုတ်ကာ၊ထိုအရာများ ကို ဂရုစိုက်ခြင်းနှင့် ပျိုးထောင်ခြင်းတို့သည် ကျန်းမာရေး ၊
ပျော်ရွှင်ရေး ၊ အသက်ရှည်ရေး တို့၏ အခြေခံအုတ်မြစ် ဖြစ်သည်ဟုယူဆထားလေသည်။

လွယ်လွယ်ပြောရလျှင် ဇီဝဓာတ် ဇီဝဓာတ် သည်ကာမဂုဏ်ကိုလည်းကောင်း၊


စွမ်းအင် စွမ်းအင် သည်အင်အားကိုလည်းကောင်း၊ဝိညာဏဓာတ်
ဝိညာဏဓာတ်သည်အသိဥာဏ်ကိုလည်းကောင်း ရည်ညွှန်းပေ၏ ။

ကောင်းမွန်မှု အတွက် တောက်ဝါဒီတို့၏ လုပ်ရပ်လမ်းမှာ ဤဓာတ်ကြီးသုံးပါးကို


ပေါင်းစပ်ရောနှောခြင်း ဖြစ်၍ ယင်းသို့ ပေါင်းစပ်ရောနှောရာတွင် သဘာဝ စွမ်းအင်၊
အညီအညွတ် ဖြစ်စေမှု ဇာတိစိတ်၊ စိတ်ခံစားမှု အနေအထား၊ကျိုးကြောင်းဆင်ခြင်မှု
တည်းဟူသည်တို့၏ အကျိုးကျေးဇူးများ ကို အများ
ဆုံးရရှိအောင်ပေါင်းစပ်ရောနှောရလေသည်။

တောက်ဝါဒီအစဉ်အလာများ ၏ ကျယ်ပြန့်သော နယ်ဝန်းမှာ


စိတ်ဝင်စားထားသည့် အရာများ ၊ လေ့လာထားသည့်အရာများ ၏
အလွန်တရာကျယ်ဝန်းသော နယ်ပယ် ဖြစ်သည်။ထိုနယ်ဝန်းအတွင်းဝယ်
ရှေးအကျဆုံးလှုပ်ရှားလုပ်ကိုင်မှု တစ်ခု ရှိလေသည်။

သက်လုံ သက်ရှည်ကျန်းမာ တောက်ပညာ၇ယင်းသည်ကား ရုပ်ပိုင်းဆိုင်ရာ


ကောင်းမွန်မှု နှင့် စိတ်ပိုင်းဆိုင်ရာကောင်းမွန်မှု တို့အကြား ဆက်သွယ်မှု ကို အသိရှိရှိနှင့်
လေ့ကျင့်မှု ကို အလေးထားသော လှုပ်ရှားလုပ်ကိုင်မှု ဖြစ်၍ ဟွမ်လောက်ဂိုဏ်း
ဟွမ်လောက်ဂိုဏ်းတွင် တွေ့ ရခြင်း ဖြစ်လေသည်။

ထိုဂိုဏ်း၏ နာမည် မှာ ဟွမ်တီ နှင့် လောက်ဇူတို့၏ နာမည် များ မှ ရယူထားခြင်း


ဖြစ်၏ ။ ဟွမ်တီ ဆိုသူမှာ ခရစ်တော် မပေါ်မီသက္ကရာဇ်၊ တတိယထောင်စုနှစ်
အလယ်ပိုင်းကုန်ခါနီး တွင် ပေါ်ပေါက်ခဲ့သည်ဟု ပါးစပ်သမိုင်းက ဆိုသော
ဧကရာဇ်ဘုရင်တစ်ပါး ဖြစ်ပြီး၊ ထိုပုဂ္ဂို လ်မှာ ကျန်းမာရေး နှင့် ကာမဂုဏ်စွမ်းအားတို့နှင့်
ပတ်သက်သည့် ပြောစမှတ်များ များ စွာ ရှိပေ၏ ။ လောက်ဇူ ဆိုသူကား တယ်တောက်ကျင်း
ကျင်း (နောင်တွင် တောက်တယ်ကျင်း တောက်တယ်ကျင်း ဟုထင်ရှားသည်) မည် သော
ကျမ်းကို ရေး သားသည်ဟု ပါးစပ်သမိုင်းက ပြောသော ''ရှေးသက်လုံ သက်ရှည်ကျန်းမာ
တောက်ပညာ ၈ဆရာကြီး'' ဆိုသည့်ပုဂ္ဂို လ် ဖြစ်လေသည်။

မကြာသေးမီက တရုတ်နိုင်ငံတွင် တောက်အစဉ်အလာနှင့် ပတ်သက်သည့်


ရှေးက သိထားခြင်း မရှိသေးသော ကျမ်းစာများ ကို ရှေးဟောင်းပစ္စည်းတူးဖော်ရေး ဆိုင်ရာက
တူးဖော်တွေ့ ရှိကြလေသည်။ အင်္ဂလိပ်ဘာသာဖြင့် ပထမဆုံးအနေဖြင့် ဤတွင်
တင်ပြထား၏ ။

ဤကျမ်းစာများ သည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ဆီသို့


ဟွမ်လောက်ချဉ်းကပ်ပုံနှင့် ပတ်သက်၍ ခြုံ မိငုံမိလောက်သည့် အကျယ်အဝန်းကို
ဖော်ပြကြလေသည်။

ဤတွင် ဘာသာပြန်ဆိုတင်ပြထားသော ကျမ်းငါးဆူမှာ ၁၉၇၃-၇၄ ခုနှစ် များ


အတွင်းနာမည် ကျော် မာဝမ်တွေ့  တူးယူရရှိချက်များ ၏ အစိတ်အပိုင်း ဖြစ်ပေ၏ ။
ပထမကျမ်းသုံးဆူ ဖြစ်သော ပုစ္ဆာဆယ်ခု၊ ယင်နှင့် ယန်းတို့ကိုဆက်စပ်ပေးခြင်း၊
လောကအတွက် အမြင့်ဆုံးလမ်းပြမှု ဆိုင်ရာ ဟောပြောချက် တို့သည်အထူးအားဖြင့်
ရုပ်ပိုင်းကျန်းမာရေး နှင့် ကာမဂုဏ်ကိစ္စပြောစမှတ်များ ကို ဖော်ပြရာ ဓာတ်စာများ ၊
လေ့ကျင့်ခန်း၊ အိပ်ခြင်း၊ ကာမဂုဏ်မှု ဆိုင်ရာနည်းပညာများ ပါဝင်လေသည်။

နောက်ဆုံး ကျမ်းနှစ် ဆူ ဖြစ်ကြသော ထိရောက်မှု အတွက်


လေ့ကျင့်ခန်းအစဉ်နှင့် လမ်းပြမှု အတွက် လေ့ကျင့်ခန်းအစဉ် လမ်းပြမှု အတွက်
လေ့ကျင့်ခန်းအစဉ် ဟူ၍ ခေါင်းစဉ်တပ်ထားပြီး ကျန်းမာရေး နှင့် ကောင်းမွန်မှု တို့နှင့်
ပတ်သက်၍ စိတ်ပညာဆိုင်ရာအကြောင်းခံအချက်များ ပါဝင်ကာ အထူးအားဖြင့်
စိတ်ဝန်ပိတင်းကျပ်ခြင်းကို လျော့ပါးအောင်ပြု ရေး နှင့် လူမှု ရေး ဆက်ဆံမှု များ ကောင်းမွန်မှု
တို့ကို အာရုံစိုက်ပေ၏ ။

''ပုစ္ဆာဆယ်ခု'' သည် ပါးစပ်သမိုင်းကဘုရင်များ နှင့် တောက်ဝါဒီဆရာများ


အကြား၊ကျန်းမာရေး ပြောစမှတ်များ နှင့် ပတ်သက်၍ အမေးအဖြေစုံဖြင့် ဖော်ပြသည်။
ယေဘုယျသွန်သင်ချက်များ တွင် ကြာရှည်စွာ ကာမဆက်ဆံရေး နှင့် ပြီးဆုံးမှု ထိန်းထားရေး ၊
သတိကပ်၍ အသက်ရှူ ခြင်းလေ့ကျင့်ခန်းများ ၊ နွားနို့၊ကြက်ဥ၊ သစ်စေ့သစ်ဆန်၊ ကြက်သွန်၊
ငရုတ်ကောင်းဟင်းခတ် စသည်များ ပါဝင်သော ဓာတ်စာစားခြင်း၊ အိပ်ရေး လုံလောက်မှု ၊
အရက်ကိုခြိုး ခြံစွာ မှီဝဲမှု ဟူသည်တို့ ပါဝင်လေသည်။

''ယင်နှင့် ယန်းတို့ကိုဆက်စပ်ပေးခြင်း''

ကျမ်းမှာ ကာမဂုဏ်မှီဝဲနည်းများ နှင့် ထိုသို့ သော ဆက်ဆံရေး မှ ကျန်းမာရေး


ဆိုင်ရာ အကျိုးကျေးဇူးအကြောင်းကို အထူးပြု ထား၏ ။ ဤကိစ္စတွင် အမျိုးသမီးဘက်မှ
အခိုက်အတန့် ဖြစ်ပေါ်နေသော စိတ်အနေအထား၊ အာရုံ ဖြစ်ပေါ်လွယ်စေသည့်
ပဏာမဆောင်ရွက်မှု ၊ပြည့်ဝသော ဆန္ဒတက်ကြွမှု ၊ ပြည့်ပြည့်ဝဝကျေနပ်သွားမှု ဟူသော အမျု
ိးသမီးဘက်ကိုအထူးအလေးနက်ထား၍ ဖော်ပြလေသည်။

ယောက်ျားဘက်က ပြီးဆုံးမှု ကို ထိန်းသိမ်းထားရေး သည်အရေး ကြီးသည်ဟု


ယူဆထားသည်မှန်သော်လည်း ဤကိစ္စနှင့် ပတ်သက်၍ နောင်တွင်
တောက်ဝါဒီကာမသျှတ္တရပညာရှင်များ ၏ အတင်းအကျပ်ပြု လုပ်သော နည်းများ
ကိုဤကျမ်းတွင် ဖော်ပြထားခြင်း မရှိပါ။ ထိုနည်းများ အစား သတိကို ပျိုးထောင်ခြင်း၊
ဂရုစိုက်ခြင်း၊ လမ်းကြောင်းခြင်းတို့အပါအဝင် ဖြစ်သော ပိုမို၍ ယေဘုယျကျသည့် ချဉ်းကပ်မှု
ကို ဖော်ပြထားလေသည်။
''လောကအတွက် အမြင့်ဆုံးလမ်းပြမှု ဆိုင်ရာဟောပြောချက်''
ဆိုင်ရာဟောပြောချက်''

ကျမ်းကား ကာမဂုဏ်ကိစ္စနှင့် ကျန်းမာရေး ကိစ္စတို့အကြား ပို၍


အသေးစိတ်ကျသော ကျိုးကြောင်းပြမှု ပါဝင်ပေ၏ ။ တစ်ဖန် ဤ၌ လည်း
အလေးအနက်ထားမှု မှာ ယောက်ျားလေးဘက်က ပြီးဆုံးမှု မရှိဘဲ အထပ်ထပ်ပြု
မူဆောင်ရွက်ချက်များ အားဖြင့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းတို့ကို အားသွင်းပေးခြင်းကို
အလေးအနက်ပြု ပေ၏ ။ မြောက်မြားစွာ သော ဆင့်၍ ဆင့်၍ ဖြစ်သည့် ရုပ်ပိုင်းနှင့်
စိတ်ပိုင်းဆိုင်ရာသုခစည်းစိမ်ကို ခွဲခြားဖော်ပြထားပြီး ကာမဂုဏ်ကိစ္စဆိုင်ရာနည်းနာများ
ကိုအကျဉ်းချု ပ်ပြန်ပြောခြင်းဖြင့် ဆက်လက်ရေး သားထားသည်။

''ထိရောက်မှု အတွက် လေ့ကျင့်ခန်းအစဉ်(တယ်ကျင်း)'' နှင့် ''လမ်းပြမှု


အတွက်လေ့ကျင့်ခန်းအစဉ်(တောက်ကျင်း)''ဟူသော ကျမ်းတို့မှာ
သီးခြားခေါင်းစဉ်တပ်ထားသော်လည်း အစုံအနေဖြင့် ''ထိရောက်မှု နှင့် လမ်းပြမှု
(တယ်တောက်ကျင်း)'' မှု (တယ်တောက်ကျင်း)'' ဖြစ်လာလေသည်။

ဤသည်ကား နာမည် ကျော် တောက်တယ်ကျင်း ကျင်း ၏ ကြာမြင့်စွာ က


ပျောက်ဆုံးနေသော တစ်နည်းတစ်ဖုံ ကောက်ယူဖော်ပြချက်ပင် ဖြစ်တော့သည်။
တကယ်တော့ နှစ် ခုစလုံးပင် ပို၍ ရှေးကျသော ပြောစမှတ်တို့ကို အဓိပ္ပာယ်ဖွင့်ဆိုထားခြင်း
ဖြစ်ကြပါသော်လည်း ဟွမ်လောက်အစဉ်အလာရှိသည့် တောက်ဝါဒ တောက်ဝါဒ တွင်
ကားတယ်တောက်ကျင်း တယ်တောက်ကျင်း သည် တောက်တယ်ကျင်း ကျင်း နှင့် နှိုင်းစာလျှင်
ပို၍ လူ့လောကနှင့် နီးစပ်လေသည်။ တောက်တယ်ကျင်း တောက်တယ်ကျင်း သော်ကား
ဆုပ်ကိုင်၍ မရ၊ အာရုံကျက်စားရာ ဖြစ်ပြီးရှေးဟောင်းပြောစမှတ်တို့၏ အသိရခက်ခဲသော
အဓိပ္ပာယ်ကောက်ယူချက် ဖြစ်ပေ၏ ။

''ထိရောက်မှု နှင့် လမ်းပြမှု အတွက် လေ့ကျင့်ခန်းအစဉ်'' ကျင့်ခန်းအစဉ်''


ကျမ်းများ ၏ သွန်သင်ချက်များ သည် ကျန်းမာရေး နှင့် အသက်ရှင်ရေး တို့သို့ ချဉ်းကပ်ခြင်းပင်
ဖြစ်၏ ။ အတင်းအကျပ် ဖြစ်ပေါ်လာသော သော က၊ စိတ်ချွတ်ယွင်းပျက်ပြားခြင်း၊
နိုင်လိုမင်းထက်ပြု လိုခြင်း ဟူသော အကျင့်စရိုက်များ မှ
ပေါက်ဖွားလာရသည့်အန္တရာယ်ပေးသော စိတ်တင်းကျပ်မှု တို့ကိုအရင်းအမြစ်မှနေ၍
ဖယ်ရှားသော နည်းဖြင့် ချဉ်းကပ်လေသည်။

တည်ငြိမ်အေးချမ်းသော စိတ်အခိုက်အတန့်၊ ကရုဏာ ဖြစ်နေသည့်


စိတ်အခိုက်အတန့်၊ လွတ်လပ်နေသည့် စိတ်အခိုက်အတန့်ဟူသည်တို့ကို တိုက်ရိုက်နှင့်
သွယ်ဝိုက်သော ကောင်းကျိုးများ အ ဖြစ် ထောက်ခံဖော်ပြသည်။ အဘယ်ကြောင့် ဆိုသော်
ထို စိတ်အခိုက်အတန့်တို့သည် တစ်ဦးချင်း ကောင်းမွန်မှု ကို မြှင့်တင်ပေးရုံမက လူတစ်ဦးနှင့်
တစ်ဦးကိုယ်ရေး ကိုယ်တာအရသော်လည်းကောင်း၊လုပ်ငန်းသဘောအရသော
်လည်းကောင်း ဆက်ဆံရေး များ ကိုလည်း တိုးမြှင့်ပေးသော ကြောင့် ဖြစ်လေသည်။
ယစ်မူးသော ခံစားမှု များ ကိုပယ်ဖျောက်ပြီး ရောဂါ ပျောက်ကင်းစေသော ခံစားမှု များ ကို
တိုးတက်စေခြင်းများ ဖြစ်ပေါ်စေသော စိတ်ဓာတ်အနေအထားများ နှင့်
ဘာဝနာလေ့ကျင့်ခန်းများ ကို ဤ ရိုသေလေးစားကြပါသော ပို့ချစဉ်နှစ် ခုစလုံးတွင် အချု
ပ်အားဖြင့် ဖော်ပြထားလေသည်။

( ဘာသာပြန်သူ၏ မှတ်ချက်

ယခုခေတ်၌ ပြန်လည်တွေ့ ရှိသည်ဆိုသော ကျမ်းကြီးငါးဆူစလုံးကို


အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားသည်ကို တွေ့ ရပါသည်။ သို့ ရာတွင် ယင်းသက်လုံ
သက်ရှည်ကျန်းမာ တောက်ပညာ၁၅(၅)ကျမ်းအနက် ကျမ်း(၂)ဆူမှာ ကာမသျှတ္တရကျမ်းများ
သာ ဖြစ်လေရာ မြန်မာဘာသာသို့ ပြန်ဆိုရန် မသင့်တော် ပါသဖြင့် ချန်လှပ်ခဲ့ရပါကြောင်း။-
သက်လုံ)

*
အခန်း (၁)
ပုစ္ဆာဆယ်ခု

ပီတဧကရာဇ် ပီတဧကရာဇ် က ဒေဝတာဂုရု အား မေးမြန်းသည်။

''အရာဝတ္ထု များ ဘယ်လိုအလုပ်လုပ်ကြပါသလဲ။ သစ်ပင်ပန်းပင်များ


ဘယ်လိုကြီးပြင်းကြပါသလဲ။ နေနှင့် လ တို့သည် အဘယ်သို့ ထွန်းလင်းတောက်ပကြပါသလဲ''

ဒေဝတာဂုရု ဒေဝတာဂုရုက ပြန်ဖြေသည်။

''ကောင်းကင်၏ အခြေအနေများ ကို ဂရုစိုက်ကြည့်ရှုလော့။ ယင်နှင့်


ယန်းတို့ဟာ စည်းစနစ်ရဲ့ စံများ ဖြစ်ကြတယ်။ သတ္တဝါတွေ ဟာဒါကိုဆုံးရှုံးရင် သူတို့ဟာ
မပွားများ နိုင်တော့ဘူး။

သတ္တဝါတွေ ဟာ ဒါကို ရရှိရင် သူတို့ဟာ ဖွံ့ဖြိုး တိုးတက်တယ်။ ခဲတွေ နေသော


ယန်း ယန်းထဲသို့ ယင် ယင်ကိုသွတ်သွင်းလိုက်ပါ။ သင်ဟာ ဝိညာဏဓာတ်ရဲ့ ပြတ်သားလာမှု
ဆီကို ရောက်မယ်။

'' ယင် ကို သွတ်သွင်းတဲ့နည်း ကတော့သင့်ရဲ့ ကိုယ်တွင်းအင်္ဂါများ ကို


တောင့်တင်းအောင် အားဖြည့်ရမယ်။ ဇီဝတွင်း ဖြစ်ပျက်မှု လုပ်ငန်းစဉ်များ ကို
အားကောင်းစေရမယ်။

ဒါမှစွမ်းအင်ဟာ ကိုယ်တွင်းက လွတ်ထွက်မသွားနိုင်ဘူး။ ယင်ကို


သွင်သွင်းနေတဲ့ အခိုက်မှာ တည်ငြိမ်နေပြီး ကာမဂုဏ်ဆိုင်ရာအားဖြင့် တော့ နိုးကြွနေရမယ်။
စိတ်ဓာတ်တက်ကြွမှု အမြင့်ဆုံးအခိုက်မှာ ထွေးပွေ့ပါ။ အထပ်ထပ်ထွင်းဖောက်သော်လည်း
ပြီးဆုံးခြင်းတော့မ ဖြစ်စေသင့်။ ညည်းညူ ခြင်း၊ သက်ပြင်းချခြင်းတွေ နဲ့ အဖြေပေးတဲ့
ကာမဂုဏ်ဆိုင်ရာ နိုးကြွမှု ကြီးထွားလာတာကို တွေ့ ရမယ်။

''ဝဝကြီး အသက်ရှူ ရမယ်။ ငါးကြိမ်ထက်တော့ မပိုစေနဲ့။ ပါးစပ်ကတစ်ဆင့် ရှူ


သွင်းခြင်းဖြင့် စွမ်းအင်ကို နှလုံးသို့ ဆောင်ကြဉ်းရမယ်။ဒါမှ စွမ်းအင်ဟာ ကိုယ်အင်္ဂါတွေ မှာ
ပြည့်သွားမယ်။ ဒါဆိုရင် သွားရည်တွေ ဖြစ်ပေါ်လာလိမ့်မယ်။ ဒီ သွားရည်တွေ ကို မျု
ိချလိုက်ပါ။

ငါးကြိမ်ထက်တော့ မပိုစေနဲ့။ အရသာ ချိုနေပါစေ။ဒါကို အတွင်းအင်္ဂါတွေ


ဆီကို ဦးတည်ပို့ပေးပါ။ဒီလိုဆိုရင် ကိုယ်ခန္ဓာဟာ ချက်ချင်း လိုလို
နူးညံ့ပျော့ပျောင်းလာလိမ့်မယ်။

''အဲဒီ စွမ်းအင်ကို သင့်ရဲ့ အသားနဲ့ အရေပြားထဲကို မောင်းသွင်းပါ။


ဆံပင်ထိပ်ဖျားအထိရောက်အောင်ပို့ပေးပါ။ သင့်ရဲ့ မွေးညှင်းပေါက်တွေ နဲ့
သွေးလည်ပတ်လမ်းကြောင်းတွေ ပွင့်လာလိမ့်မယ်။ ဒီအချိန်မှာ ကာမဂုဏ်ဆိုင်ရာအရည်ဟာ
ဖြစ်ပေါ်လာပြီး ယောက်ျားအင်္ဂါတင်းမာလာလိမ့်မယ်။

''ကိုယ်ခန္ဓာနဲ့ သင့်လျော်ညီညွတ်အောင်စားသောက်ပါ''

''ဒါဟာ လျော့ပါးသွားတဲ့ဟာကို ပြန်လည်ဖြည့်တင်းတဲ့နည်းလို့ခေါ်တယ်။


ဝိညာဏဓာတ်ကြည်လင်ပြတ်သားမှု ဆီကို ဦးတည်တယ်''

ဤသည်မှာ ဝိညာဏဓာတ်သို့ စွမ်းအင်သွတ်သွင်းပေးခြင်းအတွက်


ဒေဝတာဂုရု၏ နည်း ဖြစ်ပေ၏ ။

ပီတဧကရာဇ် သည် တာချုံ ကို မေးသည်။

''လူတွေ ရဲ့ အရေပြားဟာ ဘာ လိုအပ်လို့ကြမ်းတမ်းညို ပုပ်ပြီး ထုံထိုင်းထိုင်းနဲ့


ဖြူ ဖပ်ဖြူ ရော် ဖြစ်ရတာ လဲ။ အရေပြားဟာ လှပကြည်လင်တောက်ပနေဖို့ လူတွေ ဟာ
ဘာကို ရရှိနိုင်သလဲ''
တာချုံ တာချုံက ပြန်ဖြေ၏ ။

''အသင်ဟာ ကြည်လင်တဲ့အရေပြားကိုလိုချင်ရင် ပေါက်ဖတ်ကောင်ကို


ဂရုစိုက်ကြည့်ပါ။ ပေါက်ဖတ်ရဲ့ စားပုံစားနည်းဟာ ယင်၊ယန်းနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်။
ပေါက်ဖတ်ဟာ ရွက်စိမ်းတွေ ကို စားရင် သူဟာ စိမ်းလာတယ်။ အဝါရောင် အစာတွေ
ကိုစားရင် သူဟာအဝါရောင် ဖြစ်လာတယ်။ သင်စားတဲ့ အစားအစာက အရောင် ကို
ပြောင်းစေတာပဲ။

''သင်ဟာ ယင်ကို မှန်မှန်စားပေးရမယ်။အင်မတန်စားကောင်းတဲ့ ဆီဒါထင်းရှူး


အဆံတွေ ကို ဆောင်ပြီး စားပေးရတယ်။ ပြီးတော့ပြေးတတ် တဲ့တိရစ္ဆာန်တွေ ရဲ့ နို့ကို
သောက်ရမယ်။ အဲဒီ လိုဆိုရင် သင်ဟာ အိုမင်းရင့်ရော်ခြင်းကို တားဆီးနိုင်မယ်။ အင်အားကို
ထိန်းထားနိုင်မယ်။ ပြီးတော့ ဇီဝဓာတ်နဲ့ တောက်ပြောင်နေမယ်။

''ကာမဂုဏ်စည်းစိမ်ကို များများ ခံစားပါ။စာကလေးဥ၊ ကြက်ဥ အစရှိတဲ့


ပျံသန်းတဲ့ငှက်ဥတွေ နဲ့ ငှက်တွေ ကို စားပါ။ ကြက်ဖတွေ မှာ ယောက်ျားအတွက် ဟော်မုန်း
ပါရှိတယ်။သင် ဒါတွေ ကို မှီဝဲရင် 'ကျောက်စိမ်းတံ'ဟာအလုပ်လုပ်ဖို့ အဆင်သင့်
ဖြစ်လာလိမ့်မယ်။

''အဲဒါကို စာကလေးဥတွေ နဲ့ အားပေးပါလော့။ သို့ သော်


ကျေနပ်လောက်အောင် တင်းမာခြင်း မရှိရင် အဲဒီ ဥတွေ ကို ဂျုံကစီရည်၊ ဒါမှမဟုတ်
မုယောစပါးကစီရည်ထဲ ထည့်ပါ။ ဒါကိုအသင်စားရင် သင်ဟာ ပန်းသေပန်းညှိုး ရောဂါ မှ
ရှင်သန်လာပါလိမ့်မယ်''

ဤသည်မှာ ငှက်များ ၏ ဇီဝဓာတ် သွတ်သွင်းခြင်းဖြင့် ပန်းသေ ရောဂါ ကို


ကုသသော တာချုံ၏ နည်း ဖြစ်သတည်း။

*
ပီတဧကရာဇ်က ဆောက်အောင် ဆောက်အောင် အားမေးသည်။

''လူတွေ သေရတာ ဟာ ဘာလိုအပ်လို့လဲ။လူတွေ အသက်ရှင်နေအောင်


ဘာက ပြု လုပ်ပေးပါသလဲ''

ဆောက်အောင် ဆောက်အောင်က ပြန်လည်ဖြေကြား၏ ။

''ယောက်ျားနဲ့ မိန်းမတို့ ပေါင်းသင်းကြပြီးဇီဝဓာတ်ကို ယူလို့ပဲ။ ''

''အသင်ဟာ မေထုန်မှီဝဲပြီဆိုရင် ရုပ်ခန္ဓာလှုပ်ရှားမှု ကို ညင်ညင်သာသာ ပြု


လုပ်ပါ။ မိန်းမဟာ အသက်ပြင်းပြင်းရှူ လာမယ်၊ ရယ်မယ်၊သင်ပြင်းချမယ်၊ ညည်းညူ မယ်၊
အော်မယ်ဆိုတဲ့အခါကျရင် ပြီးဆုံးလိုက်ရမယ်။ ဒီလို ပြီးဆုံးတဲ့သူဟာ ဇီဝဓာတ်အားကို
ပြန်ရရှိမယ်။ ဒါကြောင့် ကျန်းမာရေး နဲ့ပြည့်စုံတဲ့လူဟာ ဒီနည်းနဲ့ မိမိရဲ့ ဇီဝဓာတ်အားကို
ကြာရှည်ခံအောင် ပြု လုပ်လို့ရတယ်။ အသက်ကြီးရင့်တဲ့လူဟာ ဒီလိုနည်းနဲ့ အသက်ကို
ရှည်စေနိုင်တယ်။

''အသက်ရှည်အောင်လုပ်တဲ့ကိစ္စမှာ သုက်သွေးစီးဆင်းမှု ကိုဂရုစိုက်ပြီး


ပိတ်ဆို့တာလည်းပါတယ်။ အချိန်နဲ့အညီ သုက်သွေးကို ထိန်းသိမ်းသိုလှောင်ထားမယ်ဆိုရင်
ဝိညာဏဓာတ်ပိုင်းဆိုင်ရာဟာကြည်လင်လာပြီး တည်ဆောက်မှု ကိစ္စကို
ဆောင်ရွက်တော့တယ်။

''အဲဒီ လိုဆောင်ရွက်ပြီဆိုရင်လည်း မုချပင်သိသာထင်ရှားလာပါတယ်။


ဇီဝဓာတ်ကို တည်ငြိမ်ဖို့အတွက် သုက်သွေးကို ပိတ်ဆို့သိုလှောင်ထားတာဟာ သုက်သွေး
မကုန်ခန်းနိုင်ဖို့ ဖြစ်တယ်။ ဒါဆိုရင် ရောဂါ တွေ မသင့်ရောက်နိုင်ဘူး။ ဒီတော့
အသက်ရှည်တယ်။

''မိန်းမ တစ်ယောက် ကို ပွေ့ဖက်တဲ့အခါမှာ မိမိနှလုံးသားရဲ့


အေးချမ်းတည်ငြိမ်မှု ရှိဖို့ လိုအပ်တယ်။ ဒီတော့မှ ကိုယ်ခန္ဓာနဲ့စိတ်အခိုက်အတန့်တို့ဟာ
တစ်ခုနဲ့တစ်ခု အပြန်အလှန် ငြိမ်သက်စေတယ်''
''ဒါကြောင့် ပြောကြတယ်။ တစ်ကြိမ်လောက် သုက်သွေးမကုန်ခန်းဘဲ
ပွေ့ဖက်ကြည့်ပါ။ သင့်မျက်လုံးတွေ နဲ့ နားတွေ ဟာ ကြည်လင်လာလိမ့်မယ်လို့ ဆိုကြတယ်။
သုက်သွေးကိုမဆုံးရှုံးစေဘဲ နှစ် ကြိမ်ပွေ့ဖက်ကြည့်ပါ။ သင့်အသံဟာ
ကြည်လင်လာလိမ့်မယ်''

''သုက်သွေးကို မဆုံးရှုံးစေဘဲ သုံးကြိမ်ပွေ့ဖက်ကြည့်ပါ။ သင့်ရဲ့


အရေပြားဟာတောက်ပလာမယ်။ သုက်သွေး မဆုံးရှုံးစေဘဲလေးကြိမ် ပွေ့ဖက်ကြည့်ပါ။
သင့်၏ ကျောနှင့် နံတို့ဟာထိခိုက်မှု ဒဏ်ကို ခံနိုင်လာမယ်။ သုက်သွေးမဆုံးရှုံးစေဘဲ
ငါးကြိမ်ပွေ့ဖက်ကြည့်ပါ။သင့်ရဲ့ တင်ပါးနဲ့ပေါင်တွေ ဟာ ကြွက်သားတွေ နဲ့ သန်မာလာမယ်''

''သုက်သွေး မဆုံးရှုံးစေဘဲ ခြောက်ကြိမ်ပွေ့ဖက်ကြည့်ပါ။ သင့်ရဲ့


စွမ်းအင်လမ်းကြောင်းတွေ ဟာ အနှောင့်အယှက် အခုအခံမရှိ စီးဆင်းလိမ့်မယ်''

''သုက်သွေး မဆုံးရှုံးစေဘဲ ခုနစ်ကြိမ် ပွေ့ဖက်ကြည့်ပါ။ သင်ဟာ


သေချိန်မတိုင်ခင်မသေရဘူး။ သုက်သွေး မဆုံးရှုံးစေဘဲ ရှစ်ကြိမ်ပွေ့ဖက်ကြည့်ပါ။ သင်ဟာ
အသက်ရှည်လိမ့်မယ်။ သုက်သွေး မဆုံးရှုံးစေဘဲ ကိုးကြိမ်ပွေ့ဖက်ပါ။ သင့်ရဲ့
ဝိညာဏဓာတ်ဟာ ကြည်လင်လာလိမ့်မယ်''

ဤကား ဝိညာဏဓာတ်စွမ်းအင်ကို ပျိုးထောင်ရန် ဆောက်အောင်


ဆောက်အောင်၏ မိန်းမပွေ့ဖက်နည်း ဖြစ်ပေ၏ ။

ပီတဧကရာဇ်သည် ရောင် ချုံ အား မေးသည်။

''လူတွေ ဟာ ပုံပန်းသဏ္ဌာန်တွေ ယူပြီးစတင် ကြီးပြင်းလြာ ကတော့ သူတို့


အသက်ရှင်နေဖို့ ဘာက လုပ်ပေးသလဲ။ ရုပ်ပိုင်းဆိုင်ရာပုံသဏ္ဌာန်ကို ရရှိထားပြီးမှ သူတို့ကို
သေဆုံးအောင် ဘာက ပြု လုပ်ပေးလိုက် သလဲ ...နောက်ပြီး ဘာ ဖြစ်လို့ လူတွေ ရဲ့
စွမ်းအားဟာကျယ်ကားလာတယ်၊ ကျုံ့သွားရတယ်၊ လျော့ပါးသွားရတယ်၊
တင်းကျပ်လာရတယ် ဆိုတဲ့အကြောင်းရင်းတွေ ကို သိချင်ပါတယ်''

ရောင် ချုံ ရောင် ချုံ က ဖြေကြား၏ ။

''အသက်ရှည်ချင်တယ်ဆိုရင် ကောင်းကင်နဲ့မြေကြီးတို့ရဲ့ လုပ်ပုံကိုင်ပုံတွေ ကို


သတိနဲ့ စစ်ဆေးကြည့်ရှုပါ။ ကောင်းကင်ရဲ့ စွမ်းအင်ဟာ လတိုင်း ကုန်ဆုံးပြီး၊ လတိုင်း
အားပြန်ပြည့်ရတယ်။ ဒီလိုနဲ့ ကြာရှည်နေနိုင်တယ်။

မြေကြီးရဲ့ စွမ်းအင်မှာ အေးတဲ့ရာသီ၊ ပူတဲ့ရာသီတွေ ရှိနေတယ်။ ပြီးတော့ ချီးကျူ


း စရာ နယ်မြေအနေအထားတွေ ရှိနေတယ်။ ဒီတော့မြေကြီးဟာ တည်နေပြီး မပြို မကွဲ
ဖြစ်ရတယ်။

အသင်ဟာ ကောင်းကင်နဲ့မြေကြီးရဲ့ အခြေအနေတွေ ကို စစ်ဆေးပြီး


သင့်ကိုယ်ထဲမှာ လုပ်ကိုင်နိုင်အောင် အသုံးချရမယ်။ မသိရှိနိုင်တဲ့ညွှန်ပြချက်တွေ ရှိနေတယ်။
ဒါပေမယ့် ဒါတွေ ကို ပညာရှိတွေ တောင်မှ နားမလည်နိုင်ဘူး။

တောက် လမ်းစဉ်က ဆရာတွေ ကသာ ဒါတွေ သိနိုင်ကြတယ်။


ကောင်းကင်နဲ့မြေကြီးတို့ရဲ့ အနှစ် သာရအမြို က်ဟာ လက္ခဏာမရှိတဲ့ နေရာက
ထွက်ပေါ်တယ်။ ပုံပန်းသဏ္ဌာန်မရှိတဲ့ နေရာမှာ ပေါက်ရောက်တယ်။ ကိုယ်ခန္ဓာမရှိတဲ့ဆီမှာ
မှည့်ပျော်ခြင်းသို့ ရောက်တယ်။

ဒါကိုသဘောပေါက်တဲ့လူတွေ ဟာ အသက်ရှည်တယ်။
သဘောမပေါက်တဲ့လူတွေ ဟာ ငယ်ငယ်နဲ့ သေကြရတယ်။

''ဒါကြောင့် စွမ်းအင်ကို ကျွမ်းကျင်စွာ ထိန်းချု ပ်ပြီး ဇီဝဓာတ်ကို စုဆောင်းတဲ့


သူများ ဟာ စွမ်းအင်နဲ့ဇီဝဓာတ်တို့ကို မသိမြင်နိုင်အောင်တည်ဆောက်ကြတယ်။
ဇီဝဆိုင်ရာဝိညာဏဓာတ်ဆိုတဲ့ စိမ့်စမ်းဟာ ပြည့်လာပြီ ဆိုရင်သင်ဟာ ဒါကို တည်ဆောက်ဖို့
ချိုမြိန်တဲ့ နှင်းရည်ကို စုဆောင်းရတယ်။ သန့်ရှင်းတဲ့ စိမ့်စမ်းရေတွေ ကိုကော၊ အထူးပြု
လုပ်ထားတဲ့ ဝိုင်အရက်ချိုတွေ ကိုကော မှန်မှန်သောက်တယ်။

မကောင်းတဲ့အပြု အမူတွေ ကို ဖယ်ရှားတယ်။အကျင့်စရိုက်တွေ ကို


ကောင်းမွန်တိုးတက်အောင် ပြု လုပ်တယ်။ ဒါဆိုရင် ဝိညာဏဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ
နေနေလိမ့်မယ်။

''စွမ်းအင်ကို စုဆောင်းတဲ့နည်းက ဇီဝဓာတ်ဟာ မလျော့ပါးဘဲ


ထွက်ပေါ်လာအောင်အတွက် စွမ်းအင်ကို အစွန်းတွေ ဆီ ရောက်စေရမယ်။
အထက်နဲ့အောက်ခန္ဓာကိုယ်နှစ် ခုစလုံးဟာ ဇီဝဓာတ်ပြည့်နေပြီဆိုရင်
ဘယ်လိုလုပ်ပြီးအအေးမိတာတွေ ၊ ဖျားနာတာတွေ ဖြစ်လာပါ့မလဲ။ အသက်ရှူ တာဟာ
ပြည့်ဝပြီး ကြာရှည်ရမယ်။ ဒီတော့မှ သစ်လွင်တဲ့စွမ်းအင်ကို လွယ်လွယ်ထိန်းသိမ်းထားလို့
ရမယ်။

''ပုပ်သိုးသွားတဲ့စွမ်းအင်ဟာ ဇရာကို ဖြစ်စေတယ်။ သစ်လွင်တဲ့စွမ်းအင်ဟာ


အသက်ရှည်ခြင်းကို ဖြစ်စေတယ်။ ဒါကြောင့် မိမိတို့ရဲ့ စွမ်းအင်ကို ထိန်းချု ပ်ရာမှာ
ကျွမ်းကျင်တဲ့ သူတွေ ဟာ ပုပ်သိုးသွားတဲ့စွမ်းအင်ကို ညဥ့်ဘက်မှာ ကွဲလွင့်သွားစေပြီး၊
သစ်လွင်တဲ့ စွမ်းအင်ကိုနံနက်တွေ မှာ စုဆောင်းတယ်။ ဒီလိုလုပ်ရင်ကိုယ်ခန္ဓာရဲ့ တွင်
းပေါက်တွေ ဟာ ရှင်းလင်းသွားပြီး ကိုယ်တွင်းအင်္ဂါတွေ ကို အားဖြည့်ပေးရာရောက်တယ်။

''စွမ်းအင်ကို သွတ်သွင်းခြင်းအတွက်မှာ တားမြစ်ချက်တွေ ရှိတယ်။


စပရင်ခေါ်တဲ့ နွေဦးရာသီမှာ မသန့်ရှင်းတဲ့ ရေငွေ့ပူပူနွေးနွေးတွေ ကို ရှောင်ကြဉ်ပါ။
နွေရာသီမှာ ပူပြင်းစိုထိုင်းတဲ့ လေကို ရှောင်ပါ။ သြတမ်ခေါ်တဲ့ ဆောင်းဦးရာသီမှာ
နှင်းခဲနှင်းမြူ တွေ ကို ရှောင်ပါ။ ဆောင်းရာသီမှာ အလွန်အကြူး အေးတာကို ရှောင်ပါ။ဒီပြဿ
နာလေးရပ်
က ကို ရှောင်ကြဉ်ပြီး အသက်ကို ဝဝရှူ ပေးတာဟာ အသက်ရှည်ခြင်းကို
ဖြစ်စေပါတယ်။

''နံနက်ခင်း အသက်ရှူ ရင် ရည်စူးရမှာ က ထွက်သက်လေဟာ သဘာဝ နဲ့


ညီညွတ်ဖို့ ဖြစ်ပြီး ဝင်သက်လေဟာ နက်ရှိုင်းလှတဲ့ အသူတရာချောက်ကြီးထဲမှာ
သိုလှောင်ထားတော့မလို အဆုတ်တွေ ကို ပြည့်ဝသွားစေဖို့ ဖြစ်တယ်။ ဒီတော့
စွမ်းအင်အဟောင်းဟာ နေ့စဉ်သုံးစွဲပစ်လိုက်ပြီး စွမ်းအင်အသစ်ကို နေ့စဉ်အားဖြည့်မှာ
ဖြစ်တယ်။ ဒါဆိုရင် ရုပ်ခန္ဓာဟာအရောင် ထွက်တောက်ပြောင်လာပြီး ဇီဝဓာတ်နဲ့
ပြည့်ဝလာမှာ ဖြစ်လို့ အသက်ရှည်နိုင်ပါတယ်။

''နေ့လယ်ဘက်အသက်ရှူ ရင် ရည်စူးရမှာ က ထွက်သက်နဲ့ဝင်သက်တွေ ဟာ


ညင်သာရမယ်။ နားနဲ့မျက်စိတွေ ကြည်လင်လာရမယ်။သိမ်မွေ့တဲ့ ပျော်ရွှင်မှု
စိတ်အနေအထားလေးရှိနေပြီး၊ အတွင်းပိုင်းယိုယွင်းမှု ခံစားချက်မရှိစေရမှာ ဖြစ်တယ်။
ဒီတော့ခါ ခန္ဓာကိုယ်ဟာ ရောဂါ ကြောင့် အချိန်မတိုင်မီ သေဆုံးရမှု မရှိဘူး။

''ညဘက်အသက်ရှူ ရင် ရည်စူးရမှာ ကဝင်လေဟာ ပြည့်ပြည့်ဝဝ ဖြစ်ရမယ်။


ကြာရှည်ရမယ်။ နွေးထွေးရမယ်။ ဒါဆို နားတွေ ကိုမကြားစေတော့ဘူး။ အဲဒီ တော့
ငြိမ်းချမ်းစွာ အိပ်ပျော်ရတယ်။ အထက်ပိုင်းနဲ့အောက်ပိုင်းဝိညာဏဓာတ်တွေ ဟာ
ခန္ဓာကိုယ်ထဲမှာ နားနြေ ကတော့ လူဟာ အသက်ရှည်တယ်။

''ညဥ့်သန်းခေါင် အသက်ရှူ ခြင်း ကတော့နိုးလာတဲ့တိုင်အောင်


အိပ်နေတဲ့အနေအထားကို မပြောင်းပါနဲ့။ အသက်ရှူ တာကို အတင်းအဓမ္မ မလုပ်ဘဲ
ပြည့်ပြည့်ဝဝနဲ့ နှေးနှေးကွေးကွေးရှူ ပါ။ ဒါဆိုရင် အတွင်းပိုင်းအင်္ဂါတွေ အားလုံးဟာ
ဇီဝဓာတ်ရကြပါလိမ့်မယ်။ ဝင်လေကို ပြည့်ပြည့်ဝဝ ကြာရှည်ရှူ သွင်းတာကို မုချသဘောပြု
လုပ်ပါ။

''အသင်ဟာ ဝိညာဏဓာတ်ကို ကြာရှည်နေစေချင်သပဆိုရင် သင်ဟာ


အရေပြားတည်ဆောက်ပုံအားဖြင့် အသက်ရှူ ရမယ်။စွမ်းအင်ကို ထိန်းချု ပ်နည်း ကတော့
ပုပ်သိုးတာကို ဖယ်ထုတ်ပစ်ပြီး သစ်လွင်တာကို သိမ်းသွင်းယူရမယ်။ ကောင်းမွန်တာကို
ချမ်းသာစွာ ခံစားရမယ်။ အဲဒီ ကောင်းမွန်တာကို ကိုယ်ခန္ဓာမှာ ပြည့်ဝသွားစေရမယ်။ ဒါဟာ
ဇီဝဓာတ်ကို စုပုံသိုမှီးခြင်းလို့ ခေါ်တယ်။

''စွမ်းအင်ကို ထိန်းချု ပ်ဖို့အတွက် စံပြု အချက်အလက်တွေ ရှိပါတယ်။ လုပ်ရမှာ


ကဇီဝဓာတ်ကိုတည်ဆောက်ဖို့ ဖြစ်တယ်။ ဇီဝဓာတ်ဟာ ပြည့်လျှံလာရင်
မုချထွက်ကျကုန်ပါလိမ့်မယ်။ ဇီဝဓာတ်ထွက်ပြီဆိုလျှင်လည်းပြန်လည်ဖြည့်တင်းရပါလိမ့်မယ်။
ယင်းသို့ ပြန်လည်ဖြည့်တင်းခြင်းကို အိပ်ရာထဲမှာ ပြု လုပ်ရပါမယ်။

''အနံ့အရသာရှိသော ဝိုင်အရက်များ နဲ့အစားအစာများ ဟာ စွမ်းအင်ကို


ထိန်းကြောင်းပေးရာမှာ အသုံးဝင်ပါတယ်။

''မျက်လုံးများ ဟာ တောက်ပလာပါတယ်။နားတွေ ဟာ ကြည်လင်လာပါတယ်။


အရေပြားဟာ တောက်ပလာတယ်။ စွမ်းအင် သွားလမ်းတွေ ဟာ ပြည့်လာပါတယ်။
ကာမဂုဏ်ဆိုင်ရာအားတွေ သန်စွမ်းလာပါတယ်။ ကြာမြင့်စွာ မတ်တပ်ရပ်နေနိုင်ပြီး
ဝေးဝေးလံလံခရီးသွားနိုင်ပါတယ်။ ဒီတော့ ကြာရှည်စွာ အသက်ရှင်နေနိုင်ပါတော့တယ်''

You might also like