You are on page 1of 3

အခုရေးပေးထားတာတွေကို သေသေချာချာ ဖတ်ပြီးမှ လေ့ကျင့်ခန်းတွေကိုဖြေပါ

အရင် tense name တွေပေးခဲ့တဲ့ထဲက၀ါကျတစ်ချို့ကိုဘာသာပြန်ကြည့်ပါမယ်.. ဘာသာပြန်တဲ့နေရာမှာ


အဓိပ္ပာယ်အတိအကျကိုမှတ်.. ပြီးရင် (ပြောနေကျပုံစံဖြစ်အောင်) ဘာသာပြန်ပါ.. စာသံပေသံ (လုံးဝ) မပါပါစေနဲ့ဗျာ..
ပြောနေကျစကားပုံစံနဲ့ဘာသာပြန်တဲ့အကျင့်ရလာရင် အင်္ဂလိပ်စကားပြောနဲ့ မြန်မြန်နီးစပ်ပါလိမ့်မယ်..
ဝါကျတစ်ခုကိုဘာသာပြန်ပြီးရင် စိတ်ထဲကနေဖြစ်ဖြစ် အသံထွက်ပြီးတော့ပဲဖြစ်ဖြစ်ပြောကြည့်ပါ .. ပြီးရင် ကိုယ်ရော
သူများတွေရော ဒီအခြေအနေကို ဒီလိုပြောလား ဆိုပြီးစဉ်းစားကြည့်ပါ .. စိတ်ထဲမှာပြောနေကျပုံစံမပေါက်ဘူးဆိုရင်
အဲဒီအခြေအနေကိုပုံဖော်ပြီးအပြင်မှာဆိုဘယ်လိုပြောမလဲဆိုတာရအောင်စဉ်းစားပါ .. ဒါ
တစ်ကယ့်ကိုအရေးကြီးပါတယ်ခင်ဗျာ .. Tense ကိုသိရုံနဲ့ဘာသာပြန်တတ်မယ်ဆိုရင်..
ကိုယ့်ဗမာစကားရဲ့အဆုံးသတ်နေရာကိုကြည့်ပြီးတော့ tense ခွန
ဲိုင်ပြီဆိုရင်.. လမ်းကြောင်းပေါ် စ ရောက်ပါပြီ..

ဘာသာပြန်တ့အ
ဲ ခါမှာ တစ်ချို့ဝါကျတွေကျရင် (-တယ်) ဆိုတဲ့နေရာမှာ
(-တာ) လိ့ေ
ု ပြာင်းလိုက်မှ ပြောနေကျပုံစံပေါက်တာမျိုးတွေရှိပါတယ်..
-နေတယ် (-နေတာ)

She တွေကိုလည်း (သူမ) လို့မလုပ်ကြပါနဲ့ .. ကိုယ်စကားပြောရင်


တစ်ကယ်ကြီးအဲလိုပြောတယ်ဆိုတဲ့သူတွေမတွေ့ဖူးသေးပါဘူး..

အရေးကြီးဆုံးအချက်က ပေးထားတဲ့ပုံသေနည်းထဲကအတိုင်းပဲ ဘာသာပြန်ပါ

Exercises
Translate given sentences in Burmese

1. I am writing an article at the moment.

2. We will go to New York next month.

3. She called me last night.

4. They have planned to sell the old cars.

5. It has been raining since morning.

6. My friend walks to work every day.

7. She has quit her job.

8. They were playing the guitar yesterday evening.

9. He is talking with a lady.

10. I will be waiting for you until you come back to me.

11. I saw her at the airport.

12. I bought some wine.

13. I have decided to quit smoking.

14. We have been waiting for the bus for about an hour.

15. She has told me about the interview.

16. We go to a beach In summer.


16 ကတော့ လွယ်လွယ်လေးနဲ့ဘာသာပြန်ရတာခက်ပါတယ် .. ဒီနေရာမှာ present simple
နဲ့ပက်သက်တာလေးနည်းနည်းလောက်ပြောချင်ပါတယ် .. present simple သုံးလိုက်ရင် ဒါမှမဟုတ်
သုံးထားတာတွေ့ရင်ဖြစ်လာတဲ့အဓိပ္ပာယ်က habit နဲ့ truth ပါ .. habit ဆိုတ့အ
ဲ ထဲမှာ အလေ့အကျင့် အလေ့အထ
ဝါသနာ အကြိုက် စရိုက် .. အဲဒါတွေပါဝင်ပါတယ် .. truth ကတော့ အမှန်တရားပေါ့ဗျာ .. ဒါပေမယ့်
အများလက်ခံတဲ့အမှန်မျိုးတော့ဖြစ်ရပါမယ် .. ကိုယ်တစ်ယောက်တည်း မိသားစုတစ်ခုတည်း
ရပ်ကက
ွ်တစ်ခုတည်းလက်ခံထားတာမျိုးမဖြစ်ရပါဘူး .. ဥပမာ ကမ္ဘကြီးက လုံးတယ် ဆိုတာမျိုး
အများလက်ခံတဲ့အမှန်မျိုးဖြစ်ရတာပါ .. အဲဒါတွေကသုံးခဲပါတယ် သုံးလေ့ရှိတဲ့ habit ကိုသဘောပေါက်မှရပါမယ် ..
အခုနံပါတ် 16 က present simple ဆိုတော့ သူ့ကို habit သဘောလေးပါအောင် ဘာသာပြန်ရပါမယ် ..
အနာဂတ်ပုံစံမျိုးမှားပြီးဘာသာပြန်တတ်ကြပါတယ် .. အဆုံးသတ်က (-မယ်) တို့ (-မှာ) တို့
ဖြစ်နေပြီဆိုရင်မှားပြီလို့သာသတ်မှတ်လိုက်ပါ .. လုပ်တတ်တဲ့သဘော လုပ်နေကျသဘောလေးပါအောင်ပြန်ရမှာပါ
(Keys – sample translations)
1. ငါအခု / အခုလောလောဆယ် ဆောင်းပါးတစ်ပုဒ်ရေးနေတယ် / တာ
2. ငါတို့ နောက်လကျရင် New York ကိုသွားကြမှာ
3. သူ ညက ငါ့ကိုဖုန်းဆက်တယ် / သေးတယ်
4. သူတို့ ကားအဟောင်းတွေရောင်းထုတ်ဖို့ စီစဉ်ပြီးပြီ / ထားတယ် / လိုက်ပြီ
5. မနက်ကတည်းက မိုးရွာနေတာ / မိုးရွာနေတာ မနက်ကတည်းက
6. ကျွန်တော့သူငယ်ချင်းက အလုပ်ကို နေ့တိုင်းလမ်းလျှောက်သွားတာ
7. သူ အလုပ်ထက
ွ်လိုက်ပြီ
8. မနေ့ညနေက သူတ့ေ
ို တွဂီတာတီးနေကြတာ
9. သူ အမျိုးသမီးတစ်ယောက်နဲ့စကားပြောနေတယ်
10. ငါ့ဆီပြန်လာတဲ့အထိ ငါမင်းကိုစောင့်နေမယ်
11. သူ့ကို ငါ လေဆိပ်မှာတွေ့ခဲ့တယ် / တယ် / ခဲ့သေးတယ်
12. ငါ ၀ိုင်နည်းနည်းဝယ်လာတယ်
13. ငါ ဆေးလိပ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ပြီ
14. ငါတိ့က
ုားစောင့်နေတာ တစ်နာရီလောက်ရှိပြီ
15. သူ interview အကြောင်း ငါ့ကိုပြောပြီးပြီ / ထားတယ်
16. နွေဘက်ဆိုရင် / နွေဆိုရင် ငါတု့က
ိ မ်းခြေတစ်ခုခုတော့သွားဖြစ်တယ်

You might also like