You are on page 1of 3

Non – Action Verbs (or) Non – Progressive Verb (or) Stative Verbs

1. hear
2. see
3. sound
4. believe
5. think*
6. understand
7. know
8. be
9. exist
10. own
11. have*
12. possess
13. belong
14. need
15. want
16. prefer
17. like
18. love
19. hate
20. forget
21. remember

ဒီစကားလုံးတွေကို အပေါ်ကခေါင်းစဉ်တစ်ခုခုနဲ့မှတ်လိုက်ပါ.. အသေးစိတ်သိချင်ရင်တော့ page ထဲမှာ ၀င်ဖတ်ကြပါ..


ရှင်းပြချက်တွေက တတ်မြောက်မှုအတွက်အထောက်အကူဖြစ်မှာမဟုတ်ပဲ ဗဟုသုတလိုသာဖြစ်နေတဲ့အတွက်
အသေးစိတ်မရှင်းပါဘူး..

အရေးအကြီးဆုံးမှတ်ရမှာက.. ဒီစကားလုံးတွေကို progressive tense တွေမှာ သုံးလို့မရပါဘူး.. အခြေအနေက


ဘယ်လိုပဲ progressive အခြေအနေဖြစ်နေပါစေ.. သုံးရမယ့် main verb က
ဒီစကားလုံးတွေထဲကတစ်ခုခုဖြစ်နေပြီဆိုတာနဲ့ကို progressive အဖြစ်သုံးခွင့်မရှိတော့ပါဘူး ..
သုံးခွင့်မရှိရင်ဘယ်လိုသုံးရမလဲဆိုတော့ .. အခြေခံ situations လေးမျိုးကိုပြန်ကြည့်ရပါမယ်
Simple
Progressive

ပြောရမယ့်အကြောင်းအရာက progressive အကြောင်းအရာ ဒါပေမယ့် သုံးရမယ့် verb က non-progressive verb


ဖြစ်နေရင် အပေါ်မှာပြထားသလို အပေါ်တစ်ဆင့်ပြောင်းသုံးရပါတယ်

Example
ရေထဲကငါးတွေကိုမြင်နေရတယ် (progressive အကြောင်းအရာ)
I see some fish in the water. (simple)
ဒီလဝ
ိုါကျတွေကြောင့် grammar က သင်ရခက်သလိုဖြစ်သွားတာပါ .. အခုဝါကျကိုကြည့်လိုက်ရင် simple present
ဖြစ်နေပါတယ် ဒါပေမယ့် simple present ရဲ့အဓိပ္ပာယ်ဖြစ်တဲ့ habit တို့ truth တို့မဟုတ်ပါဘူး အဲလိုဝါကျတွေကိုတွေ့ရင်
ဒါဟာ simple present အစစ်မဟုတ်ဘူး လို့သတ်မှတ်ရပါမယ် progressive အခြေအနေမျိုးဖြစ်လျှက်သားနဲ့ သုံးရမယ့်
စကားလုံးကြောင့် grammar ကလက်မခံလို့ ပြောင်းသုံးလိုက်ရတယ်လို့မှတ်ပါ .. ဘာသာပြန်တော့ progressive
အတိုင်းဘာသာပြန်ရပါတယ်

Perfect
Perfect Progressive

ပြောရမယ့်အကြောင်းအရာက perfect progressive အကြောင်းအရာ ဒါပေမယ့် သုံးရမယ့် verb က non-progressive


verb ဖြစ်နေရင် perfect ပုံစံနဲ့သုံးရပါတယ်

Example
သူဒီမြို့ကိုရောက်တာ 3 လလောက်ရှိပြီ
She has been in this city for three months.
ဒီဝါကျမှာ main verb က (be) ပါ .. သူကလည်း non-progressive verb တစ်လုံးပါ
-----------------------------------------------------------------------------------------

think နဲ့ have ကတော့ ချွင်းချက်ရှိပါတယ်


think ကို (ထင် / ယူဆ) ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးရင် progressive မရပါ.. ဗမာစကားမှာ ငါ ထင်နေတယ်နော်
ဆိုတာမျိုးရှိပေမယ့် English လိုသုံးရတော့မယ်ဆိုရင်တော့ simple အနေနဲ့ပဲသုံးရပါတယ်
think ကို (တွေး / စဉ်းစား) ဆိုတဲ့အဓိပ္ပယ်နဲ့သုံးမယ်ဆိုရင်တော့ progressive သုံးချင်သုံးလို့ရပါတယ်
have ကို (ပိုင်ဆိုင် / ရှိ) ဆိုတဲ့အဓိပ္ပယ်နဲ့သုံးရင် progressive မရပါ.. တစ်ခြားအဓိပ္ပာယ်နဲ့ဆိုရင် progressive
သုံးချင်သုံးလို့ရပါတယ်..

အသေးစိတ်သိချင်တ့သ
ဲူတွေက ဒီ link မှာသွားဖတ်ပေးပါခင်ဗျာ.. အချိန်ရတဲ့သူတွေကတော့
ဖတ်ထားတာပိုကောင်းပါတယ် နားလည်မလည်တော့မသိဘူး စာကတော့ အရှည်ကြီးပဲဗျ.. ဒါမှမဟုတ် G.L.C page ထဲမှာ
ဒီအတိုင်းဝင်ရှာဖတ်လည်းရပါတယ်.. Online class 8.2 ပါ

https://www.facebook.com/glcmyanmar/posts/1319332681448140:0

You might also like