You are on page 1of 5

Making Sentences

အင်္ဂလိပ်လိုဝါကျဖွဲ့တ့အ
ဲ ခါမှာ အခုပေးမယ့်အချက်တွေအတိုင်းတစ်ဆင့်ချင်းစဉ်းစားသွားရင်
ဘယ်လောက်ရှည်တဲ့ဝါကျမျိုးပဲဖြစ်ဖြစ် အဆင်ပြေပြေဖြေရှင်းနိုင်ပါလိမ့်မယ်.. လောလောဆယ်မှာတော့
ပုံသေနည်းကိုအရင်ရအောင်လုပ်ရပါမယ်..

1. Main verb
2. Adj/Verb
Adj => (be) + adj
3. Subj
4. Choose a tense
5. Follow the sentence order (S.V.O.P.T) (M.R.P)

အင်္ဂလိပ်လိုဝါကျမဖွ့ခ
ဲ င် ကိုယ့်ခေါင်းထဲမှာအရင်ပေါ်လာမှာက ဗမာလိုပါ..
အဲဒါကိုပဲဘယ်ဟာကဘာလဲဆိုတာခွန
ဲိုင်ဖို့အရင်ဆုံးလေ့ကျင့်ရမှာပါ.. ၀ါကျတစ်ခုဖွဲ့ဖ့အ
ို တွက်
ဘယ်ကနေဘယ်လိုစရမှန်းမသိဘူးဆိုတဲ့သူတွေလည်း ဒီအချက်ငါးချက်အတိုင်းအစဉ်လိုက်စဉ်းစားသွားရင်
မှန်ကန်တ့ဝ
ဲါကျတစ်ကြောင်းရလာမှာပါ..

1. ပထမဆုံးစဉ်းစားရမှာက ကိုယ့်ဝါကျရဲ့ main verb ကိုပါ (ဗမာစကားရဲ့ main verb က


အမြဲတမ်းနောက်ဆုံးမှာပဲရှိပါတယ်)

2. အဲဒီ main verb က အင်္ဂလိပ်စကားလုံးအနေနဲ့ဆိုရင် adj လား verb လားခွရ


ဲ ပါမယ် (ခွန
ဲ ည်းမရှိပါဘူး ကျက်မှရမှာပါ)
တစ်ကယ်လ့သ
ိုက adj ဖြစ်နေရင် သူ့ရဲ့ ရှေ့မှာ (be) ကိုမရှိမဖြစ်ထည့်ပေးရပါမယ်

3. ကိုယ့်ဝါကျရဲ့ subj ကိုရှာပါ


(၀ါကျတစ်ခုမှာ subj / obj / place / time / etc. အဲဒါတွေက ဘာတွေလဲ
အဲဒါတွေကိုဘယ်လိုရှာရလဲဆိုတာပထမပေးထားတဲ့လေ့ကျင့်ခန်းမှာပါပြီးပါပြီ)

4. tense 12 ခုထက
ဲ ဘယ် tense နဲ့သုံးရမယ်ဆိုတာအတိအကျရွေးပါ

5. s.v.o.p.t / m.r.p အစဉ်လိုက်ထားပြီးစဉ်းစားပါ

S.V.O.P.T က အစဉ်လိုက်ရှိပေမယ့် M.R.P ကတော့ နေရာအတည်တကျမရှိပါဘူး.. လေ့ကျင့်ရင်းနဲ့ပဲ နည်းနည်းချင်းစီ


လေ့လာမှတ်သားသွားရပါမယ်..
Making Sentences (Ex.1)

1. Main verb
2. Adj/Verb
Adj => (be) + adj
3. Subj
4. Choose a tense
5. Follow the sentence order (S.V.O.P.T) (M.R.P)

Examples
(သူက ဈေးထဲမှာ ငါးရောင်းတာ)

ပုံသေနည်းအရ main verb ကိုအရင်စဉ်းစားပါ.. အခုဝါကျမှာ main verb က ရောင်း >> sell

ပြီးရင် ဒုတိယအချက်ဖြစ်တဲ့ adj / verb ခွပ


ဲါ.. sell က verb ပါ (ခွန
ဲ ည်းမရှိပါ.. ကျက်မှတ်ထားရမယ့်အရာပါ.. မသိရင်
dictionary သုံးပါ) အဲဒီတော့ (be) + adj ကိစ္စ စဉ်းစားစရာမလိုတော့ပါဘူး
တတိယအချက်က subj ကိုရှာရပါမယ်.. (S.O.P.T) (M.R.P) တွေကိုဘယ်လိုရှာရမယ်ပြောပြီးသားပါ.. အခုဝါကျရဲ့ subj
က (သူ) >> He / She

နောက်တစ်ချက်က tense ရွေးရပါမယ်.. tense မှန်အောင်ရွေးဖို့အတွက်ဆိုရင် ဘာသာပြန်ခဲ့တုန်းကသုံးခဲ့တဲ့ translation


methods ကိုအသုံးပြုရမှာပါ .. အဲဒါတွေကကျက်ရခက်တယ်ဆိုပေမယ့် grammar ဆိုတဲ့အရာကိုအများကြီးမသင်ရပဲ
အမြန်ဆုံးနဲ့ထိထိရောက်ရောက်အသုံးချနိုင်မှာပါ

tense ရွေးတဲ့နေရာမှာ အဆုံးသတ်စကားလုံးကိုကြည့်တာနဲ့ ဘာ tense လဲဆိုတာသိနိုင်ပါတယ်.. အခုဝါကျမှာ


ဆုံးနေတာက (-တာ) ..
(-တယ် / -တာ) ဆိုရင် simple present / past နှစ်မျိုးလုံးမှာတွေ့နိုင်ပါတယ်.. အဲဒီတော့ အဓိပ္ပာယ်ကိုစဉ်းစားရပါမယ်..
အခုဝါကျရဲ့ဆိုလိုချင်တဲ့သဘောက အတိတ်မဖြစ်နိုင်ပါဘူး အဲဒီတော့ simple present ကိုပဲရွေးရပါတော့မယ်..

ဒီနေရာမှာနောက်ထပ်မှတ်သားရမယ့်အရာတွေရှိနေပါသေးတယ်
tense ရွေးလိုက်လို့ ကာလက (present) ပါနေရင် အဲဒီဝါကျတွေမှာ subj ကိုသတိထားပြီးကြည့်ရပါမယ်.. He/She/It
ထဲကတစ်ခုခုဖြစ်နေရင် သူနဲ့ကပ်လျှက်ရှိနေတဲ့ verb မှန်သမျှကို (-s form) ပြောင်းပေးရပါမယ်.. (-s form ဆိုတာ အဲဒီ
verb မှာ -s နဲ့အဆုံးသတ်ပေးရမယ်လို့ပြောတာပါ).. အခုဝါကျရဲ့ time က present ဖြစ်နေပါတယ် ပြီးတော့ subj
ကလည်း He/She ဖြစ်နေပါတယ် အဲဒါကြောင့် verb က -s နဲ့အဆုံးသတ်နေရပါမယ်..

ကျန်တာက sentence order အတိုင်းပဲ အစဉ်လိုက်စဉ်းစားသွားပါ .. ဘာရောင်းတာလဲ (obj) .. ဘယ်မှာရောင်းတာလဲ


(place) .. ဘယ်အချိန်ရောင်းတာလဲ (time) .. etc.

(သူက ဈေးထဲမှာ ငါးရောင်းတာ)


She sells fish in the market. (S.V.O.P)
(မင်းအစ်ကိုက ခင်ဖို့ကောင်းတယ်)

main verb (ခင်ဖို့ကောင်း) >> friendly (adj)


main verb က adj ဖြစ်နေတော့ (be) ပါမှရတော့မှာပေါ့
(be) friendly

ဒီဝါကျရဲ့ subj က မင်းအစ်ကို ..


ဒီနေရာမှာလည်းနောက်ထပ်အရေးကြီးတဲ့အချက်ရှိနေပါသေးတယ် ..
ကိုယ့်ဝါကျရဲ့ subj တွေက I, We, You, They, He, She, It ဆိုတဲ့အရာမျိုးမဟုတ်ပဲ အခုလို (မင်းအစ်ကို)
တိ့ဘ
ုာတြို့ ဖစ်နေပြီဆိုရင် မမေ့မလျှော့ပဲ အဲဒီ subj ရဲ့ဘေးမှာ pronoun လေးပြောင်းပေးထားပါ ..
အဲဒီအဆင့်ကအရေးကြီးပါတယ်
subj (မင်းအစ်ကို >> he)
အခုလိုပြောင်းထားကြည့်လိုက်ရင် ကိုယ်သုံးမယ့်ဝါကျရဲ့ကာလက present ဖြစ်နေရင် verb ကို -s form သုံးရမှာလား
မသုံးရဘူးလားဆိုတာတခါတည်းဆုံးဖြတ်နိုင်မှာပါ

tense (-တယ် >> simple present)


အခုပုံစံအရတော့ ကာလက present ဖြစ်သွားပါပြီ ပြီးတော့ subj ကလည်း pronoun ပြောင်းကြည့်ထားတော့ he
မှန်းသိနေပါပြီ .. အဲဒီတော့သ့ေ
ူ နာက်မှာလာမယ့် verb မှန်သမျှက -s နဲ့အဆုံးသတ်နေရမှာပါ ..

အခုဝါကျမှာ verb နေရာကိုလာမယ့် (be) ရဲ့ present ကာလက am, is, are .. ဒီသုံးခုမှာ -s နဲ့ဆုံးနေတာဆိုလို့ is
ပဲရှိပါတယ် .. ငယ်ငယ်ကသင်ခဲ့ရတဲ့ He is .. She is .. It is ... ဆိုတာတွေက
ဒီလိုအကြောင်းပြချက်ကြောင့်ဖြစ်လာရတာပါ ..

(မင်းအစ်ကိုက ခင်ဖို့ကောင်းတယ်)
Your brother is friendly.

နားလည်ပြီဆိုရင်လေ့ကျင့်ခန်းဖြေပါ .. လေ့ကျင့်ခန်းတွေကို နားမလည်သေးပဲမဖြေရပါဘူး

Exercises
Translate in English

(1) ငါမင်းကို စောင့်ကြည့်နေမယ် ( watch : စောင့်ကြည့် )

(2) သူက နိုင်ငံရေးကို တော်တော်လေး စိတ်ဝင်စားတယ်

(3) Mary မင်းစာကိုဖြဲလိုက်ပြီ ( tear : ဆုတ်ဖြဲ )

(4) ဒီလူ တော်တော် ရယ်ရတယ်


(funny . adj: ရယ်ရ/ ရယ်စရာကောင်း)

(5) ငါတို့ အခု မင်းသူငယ်ချင်းကိုစောင့်နေတာ

(6) မင်းအစ်ကိုအိပ်နေတာ (3) နာရီလောက်ရှိနေပြီ


(7) သူ မနှစ်က ငါ့ကို မွေးနေ့လက်ဆောင် ပေးတယ်

(8) မနက်ဖြန်မနက်ကျရင် ငါ မင်းကို လက်ဖက်ရည်ဆိုင်မှာ စောင့်နေမယ်

(9) သူငါ့နာမည်သိပါတယ်

(10) ငါ မင်း post ကို share ထားတယ်

(11) အဲဒီလူတွေ မနေ့က မင်းကိုရှာနေကြတာ ( look for : ရှာ )

(12) သူငါ့ကို မင်းအကြောင်းပြောဖူးတယ်

(13) ငါမင်းအတွက် T-shirt တစ်ထယ် ၀ယ်ထားတယ်

(14) သူ ငါ့ကို ထားသွားပြီ ( leave : ချန်ခဲ့ / ထားခဲ့ )

(15) ငါ အခု ထမင်းစားနေတာ

(16) John က 2001 ကနေ 2004 အထိ မန္တလေးမှာနေခဲ့တာ

(17) Grace နဲ့ ငါနဲ့ မနက်ဖြန်ကျရင် မင်းဆီကိုလာမယ်


(Keys)
1. I will be watching you.
2. He is very interested in politics.
3. Mary has torn your letter.
4. He / This man / This guy is very funny.
5. We are waiting for your friend. (now မလိ)ု
6. Your brother has been sleeping for about three hours.
7. He gave me a birthday present last year.
8. I will be waiting for you at the tea-shop tomorrow morning.
9. She knows my name.
10. I have shared your post.
11. Those men were looking for you yesterday.
12. He has told me about you / about your story.
13. I have bought a T-shirt for you.
14. She has left me.
15. I am having breakfast / lunch / dinner / supper.
16. John lived in Mandalay from 2001 to 2004.
17. Grace and I will come to you tomorrow.

You might also like