You are on page 1of 2

ဆုတောင်း

By
laisaitai
– September 2, 2011Posted in: ပုံပြင်+ဟာသ, ꨡပုမꨲ်

ကြားဖူးတဲ့ ပုံပြင်ဟောင်းလေး တစ်ပုဒ်ပါ။


တခါတုံးက ဘုန်းကြီးကျောင်း တစ်ကျောင်းရဲ့ လှေခါးအတက်အဆင်းမှာ မျောက်ငယ်လေးတစ်ကောင်ကို
ကြိုးချည်ပြီး မွေးထားတယ်။
ကျောင်းကို ရောက်လာတဲ့သူတွေက မျောက်ငယ်လေးကို အစာတွေ ကျွေးတယ်။ ခလေးတွေကတော့
မျောက်ငယ်လေးကို လာကြည့်ပြီး စကြ ပျော်တတ်ကြတယ်။
ဒါပေမယ့် ကျောင်းဘုန်းကြီးက လှေခါး အတက်အဆင်း လုပ်တိုင်း လုပ်တိုင်း မျောက်ငယ်လေးရဲ့ ဦးခေါင်းကို
တစ်ချက် တစ်ချက် ပုတ်ပြီး အတက်အဆင်း လုပ်သတဲ့။
ဆင်ကျီစားရာ ဆိတ်မခံသာ ဆိုသလို ဘုန်းကြီးက သူ့ခေါင်းကို ပုတ်တိုင်း သူက ခံနေရတာ စိတ်ထဲ
သိပ်မကျေနပ်ဘူး။ ဒါနဲ့ မျောက်က ဘုရားကို ကန်တော့ပြီး ဆုတောင်းလိုက်တယ်။
“ငါ့ခေါင်းကို ပုတ်တဲ့ ဘုန်းကြီး မြန်မြန်သေပါစေ”တဲ့။
မျောက်ကလေးရဲ့ ဆုတောင်း ပြည့်သလား မပြောတတ်ဘူး။ မကြာခင် ကျောင်းဘုန်းကြီး တကယ်
ပျံတော်မူသွားတယ်။ မျောက်ကလေးက ပျော်ုလိုက်တာ သူ့ခေါင်းကို ပုတ်တဲ့သူ မရှိတော့ဘူးပေါ့။
သိပ်မကြာပါဘူး ရွာက ဘုန်းကြီး အသစ်တစ်ပါး ထပ်ပင့်လာတယ်။ အသစ်ရောက်လာတဲ့ ဘုန်းကြီးက
လှေခါးဆင်းရင်လည်း မျောက်ကလေးရဲ့ ခေါင်းကို ၂ ခါပုတ်တယ်။ တက်လာရင်လဲ ၂ ခါပုတ်တယ်။ နာသလား
မမေးနဲ့။ ဘုန်းကြီးကိုလည်း မျောက်ကလေးက ဘာမှ ပြန်မလုပ်နိုင်တော့ ခေါင်းလေး ငုံ့ပြီး သီးခံနေရတယ်။
ကြာလာတော့ ဘုန်းကြီးအသစ်က ခေါင်းပုတ်တာ ပိုပိုပြီး အားစိုက်လာတယ်။ မျောက်ကလေးခမျာ
မျက်ရည်ကျမတတ်ပါဘဲ။
သနားစရာကောင်းတဲ့ မျောက်ကလေးဟာ ဘုရားကို ရှိခိုးပြီး ထပ်ဆုတောင်းဦးမယ်တဲ့။
လက်အုပ်ကလေးချီပြီးတော့ စဉ်းစားတယ် ဘယ်လို ဆုတောင်းရင်ကောင်းမလဲ . . .
ဒီဘုန်းကြီး အသစ်လဲ မြန်မြန်သေပါစေ လို့ ဆုတောင်းမလို့တဲ့။ ဒါပေမယ့် မျောက်ကလေးက စဉ်းစားတယ်။
အရင် ပထမ ဘုန်းကြီးတုံးက တစ်ခါပဲ ခေါင်းကို ပုတ်တယ်။ ဒုတိယ ဘုန်းကြီးက ၂ ခါ ပုတ်တယ်။ အကယ်၍ ငါက
ဒီဒုတိယ ဘုန်းကြီး သေပါစေလို့ ဆုတောင်းပြီး တတိယ ဘုန်းကြီး ထပ်ရောက်လာရင် ငါ့ခေါင်းကို အတက် သုံးခါ
အဆင်း သုံးခါ ပုတ်ရင် ပိုဆိုးလိမ့်မယ် . . . လို့တွေးပြီး ထပ်ဆုမတောင်းရဲတော့ပါဘူး။
ပုံပြင်ကလေးကတော့ ဒါပါပဲ။

Tags: small monkey

မျောက်ကလေး သနားစရာ
ဒီပုံပြင်လေးကနေ တွေးစရာတွေ ရလိုက်တယ်ဘုရား
တစ်ချို့နေရာမှာ နောက်လူက ရှေ့လူထက် ပိုဆိုးကြတာတွေ တွေ့ဖူးတော့
ပုံပြင်လေးထဲက မျောက်လိုဘဲ ဆုမတောင်းဝံ့တော့ပါဘုရား

You might also like